Saturday, May 17, 2014

 

 အီတလီလျံခေါက်ဆွဲ နှင့် ကြက်သားမှိုဆော့
-------------------------------------------------
အီတလီစတိုင် ခေါက်ဆွဲ ချက်နည်းကို အာရှစတိုင် မဆလာ အနံ့သင်းသင်းလေးနဲ့ Fusion ချက်နည်းသစ် တစ်မျိုးပါ။ အရသာက အီစိမ်စိမ့်လေးနဲ့ တမျိုး စားကောင်းပါတယ်။ ချက်ရလည်း လွယ်တာမို့ ချက်နည်း ကြည့်ရအောင်...
----------------------------------------------------
----------------------------------------------------
ပါဝင်ပစ္စည်းများ

• အီတာလျံခေါက်ဆွဲ(fettuccine) - ထုပ်ဝက် (၂၅၀ ဂရမ်)
• ကြက်ရင်ဗုံ - ၂ခု (၄၀၀ ဂရမ်)
• ဆား - လက်ဖက်ရည်ဇွန်း တ၀က်
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
• ထောပတ် - စားပွဲတင်ဇွန်း ၅ဇွန်း
• ကြက်သွန်နီ - ၂လုံး (နှုတ်နှုတ်စဉ်းပါ)
• မှို(button မှို) - စည်သွပ်ဘူး ၁ဘူး (ပါးပါးလှီးပါ)
• ကြက်သွန်ဖြူ - ၂မွှာ (ပါးပါးလှီးပါ)
• ဟင်းချက်ဝိုင်(ဆန်ဝိုင်) - ခွက်၁ခွက်
• ချိစ် - ၄ပြား (ပါးပါးလှီးပါ)
• Mustard - စားပွဲတင်ဇွန်း ၁ဇွန်း
• တရုတ် နံနံပင် - စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
---------------------------------------------------- 

ခေါက်ဆွဲချက်နည်း

၁။ ဒယ်အိုးတစ်ခုထဲ ရေများများထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။

၂။ ဆူလာလျှင် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ခေါက်ဆွဲခြောက်များကို ထည့်ကာ ၈မိနစ်ခန့် ပြုတ်ထားပေးပါ။

၃။ ခေါက်ဆွဲရပြီဆိုလျှင် ဇကာဖြင့် ပြန်စစ်ထားပါ။
----------------------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်ရင်ဗုံသားကို အတုံးကြီးများ တုံးပေးပြီ (ဆား၊ ငရုတ်ကောင်းမှုန့်)ဖြင့် သမအောင် ရောနုယ်ထားပါ။

၂။ ပြီလျှင် ဒယ်ထဲ ထောပတ်(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ကာ ဆီပူလာလျှင် ကြက်သားများ အညှိရောင်သန်းသည်အထိ ၄မိနစ်ခန့် မီးအတင့်သင့်ဖြင့် ကြော်ပေးပါ။

၃။ ကြက်သားများ ကြောပြီလျှင် လက်မ၀က်အရွယ်အတုံးများ တုံးပေးပါ။
၎။ ဒယ်ထဲ ထောပတ်(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့် ထောပတ်ပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ဆီသပ်ပေးပါ။
၅။ ပြီနောက် မှိုထည့်၊ ဆန်ဝိုင် ထည့်ပြီ ၃မိနစ်ခန့် မီးအသင့်တင်ဖြင့် တည်ထားပါ။

၆။ ပြီလျှင် ချိစ်၊ mustard၊ ကြက်သား ထည့်ပြီ ၂မိနစ်ခန့် ထပ်တည်ထားပါ။
ရ။ ပြီမှ မဆလာ၊ တရုတ်နံနံပင်၊ ဆား၊ ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်လျှင် ကြက်သားနှင့် မှိုဆော့ ရပါပြီ။

၈။ ထို့နောက် ဒယ်ထဲ ထောပတ်(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီ ခေါက်ဆွဲကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ပြီ ၁မိနစ်ခန့် ရောမွှေလိုက်ပါ။

၉။ ပန်းကန်ထဲ ခေါက်ဆွဲထည့် အပေါ်မှ ကြက်သား၊မှိုဆော့ကို လောင်းချလိုက်ပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ...
----------------------------------------------------
Wutyee Food House

Friday, May 16, 2014


YOUTUBE အသုံးပြု့၍ ဓါတ်ပုံတွေကို နောက်ခံ သီချင်းလေးဖြင့် SLIDESHOW တစ်ခု့လုပ်ခြင်း




Youtube ကို လူတိုင်းနီးပါး သိကြပါတယ်။အသုံးပြု့ဖူးကြမှာပါ။အနည်းဆုံးတော့ Youtube ကသီချင်းလေး 
တော့ နားထာင်ကြည့်ဖူးကြပါလိမ့်မယ်။Youtube ထဲမှာ ဒီထက်မက စိတ်ဝင်စားစရာ ပညာရပ်တွေ၊ ရယ်စရာ ဟာသလေးတွေ နဲ့ Discovery တွေအများကြီးရှိတာလည်း အားလုံးသိမှာပါ။ မတွေ့ပါဘူးလို့တော့ မပြောပါနဲ့ ခင်ဗျာ။ မရှာတက်လို့မတွေ့တာနေမှာပါ။ ရှာတက်ဖွေတက်မယ်ဆိုရင် အင်တာနက် ဆိုတာ သုံးလို့အရမ်းကောင်းပါတယ်။ မိမိအတွက် ယူတက်ရင် ပညာရပ်တွေအများကြီး မြှုပ်နှံထားတဲ့နေရာတွေပါ။
မသုံးတက်သေးဘူးဆိုရင်လည်း သုံးတက်အောင် ၊ ရှာတက်ဖွေတက်အောင်လေ့လာထားသင့်ပါတယ်။
Youtube ကို မိမိကိုယ်ပိုင်လို အသုံးပြု့ချင်တယ်ဆိုရင်တော့ Youtube မှာ ကိုယ်ပိုင်နေရာလေးတခု့ရှိဖို့
အတွက် အကောင့်လေးတခု့ ဖွင့်ထားလိုက်ပါ။အကောင့်ဖွင့်တယ်ဆိုတာလည်း ခက်ခက်ခဲခဲမဟုတ်ပါဘူး
အမြဲသုံးနေတဲ့ Email ပေးလိုက်ရင်လည်းရပါတယ်။ မိမိကိုယ်ပိုင်ရှိထားတဲ့အတွက် Youtube မှာ ကိုယ်ကြည့်ချင်တာ ကိုယ်ကြည့်ထားတာတွေကို အမြန်ဆုံးပြန်ကြည့်နိုင်တယ်။ watch list ထဲထည့်ထား
မယ်ဆိုရင်လည်း မိမိပြန်ကြည့်ချင်တဲ့အခါ အလွယ်တကူပြန်ကြည့်နိုင်တာပေါ့။နောက်တခု့ကောင်းတာက
မိမိကိုယ်ပိုင် video လေးတွေ၊မင်္ဂလာဆောင်တို့ အလှုတို့ လိုတွေမှာရိုက်ထားတဲ့ ဗီဒီယိုတွေကို youtubeမှာတင်ပြီး ပြန်လည်မျှဝေပြီးကြည့်လို့ရတယ်။အကောင့်မပျက်မခြင်းကြည့်နေလို့ရတယ်။
နည်းပညာသမားတွေဆိုရင်လည်း မိမိကိုယ်ပိုင်လုပ်ထားတဲ့ tutorial တွေကို video ရိုက် ဒါမှမဟုတ် Screenshot လုပ်ပြီး youtube မှာတင်ပေးမယ်ဆိုရင် မိမိနေရာကိုလာရောက်ကြည့်ရှု့အားပေးနေတဲ့ user
တွေအတွက် အချိန်မရွေး ပြန်လည်လေ့လာလို့ရတာပေါ့။

အခု့ ဒီဟာလေးကတော့ Youtube ကနောက်မှ တိုးလာတဲ့နည်းသစ်လေးပါ။နည်းသစ်ဆိုပေမယ့်ကြပါပြီ
ကျနော်ကတော့ သိတာ ၂ လလောက်ပဲရှိသေးတာပါ။ အဲ့ဒါကြောင့် မသိသေးတဲ့ သူငယ်ချင်းတွေလည်း
ဒါလေးတွေ့ပြီး ကိုယ်ပိုင်လုပ်နိုင်အောင် ပြန်လည်မျှဝေလိုက်တာပါ။ သိပြီးသားဆရာတွေကတော့ ကျော်သွားလိုက်ပါ။မသိသေးတဲ့ သူငယ်ချင်းတို့အတွက် ပြန်လည်မျှဝေတာပါ။

Photo တွေကို နောက်ခံသီချင်းလေးနဲ့ Slideshow လုပ်ဖို့အတွက် ဘာဆော့ဝဲမှမလိုပါဘူး လုပ်လို့ရပါတယ်
Youtube ထဲမှာတင်လုပ်မှာပါ။အဲ့ဒီအတွက် ကိုယ်ပိုင်စိကြိုက်သီချင်းတော့ ရွေးချယ်လို့မရပါဘူး။
ကိုယ်ပိုင်စိတ်ကြိုက် ရွေးချယ်လို့ရဖို့အတွက် တော့ ဒီလင့်မှာ သွားယူလိုက်ပါ ဆော့ဝဲသုံးပြီးလုပ်ရမှာပါ။
အခု့နည်းကတော့ Youtube ဖွင့်ဖို့အတွက် အင်တာနက် ရှိဖို့ပဲလိုအပ်ပါတယ်။အသုံးပြု့ပုံတွေကို
အောက်မှာ ပုံလေးတွေနဲ့ရှင်းပြထားပေးပါတယ် လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။


အပေါ်က ပုံအတိုင်း Youtube ကိုသွားလိုက်ပါ



1 ။ဓါတ်ပုံတွေတင်ဖို့အတွက် upload ကိုနှိပ်လိုက်ပါ။ 

2။ ညာဘက်ဘေးက Photo Slideshow ကိုနှိပ်လိုက်ပါ


အပေါ်က ပုံအတိုင်း ဘယ်ဘက်ဘေးက Upload Photo ကိုနှိပ်လိုက်ပါ။

အလယ်နေရာက Select Photo From Your Computer ကိုနှိပ်လိုက်ပါ


ဒီမှာတော့ မိမိ အသုံးပြု့မယ့် ပုံတွေကိုရွေးပေးလိုက်ပါ။

ရွေးပေးပြီးရင် open ကိုနှိပ်လိုက်ပါ


open ကိုနှိပ်လိုက်ပြီဆိုရင် youtube မှာ တင်နေပါပြီ

ဒီအဆင့်မှာတော့ သီချင်းတွေရွေးပေးရပါမယ်.မိမိဓါတ်ပုံရွေးထားတာပေါ် မူတည်ပြီး ကြာချိန်မီးနစ်တွက်

ပြီးရွေးလိုက်ပါ။ သီချင်းတွေလည်းအများကြီး ရှိပါတယ်။English သီချင်းတွေပဲ ဖြစ်ပါတယ်

စိတ်ကြိုက်သီချင်းရွေးပေးပြီးပြီးဆိုလျှင်တော့အောက်က Upload ဆိုတာကိုနှိပ်ပေးလိုက်ပါ



Upload ကိုနှိပ်လိုက်ပြီဆိုရင် Youtube Stream မှာတင်နေပြီဖြစ်ပါတယ်။

တင်ပြီးရင် ကျလာမယ့် လင့်ကိုလည်း အပြာရောင်လေးနဲ့ တခါတည်းပေးထားပါတယ်

တကယ်လို့ တင်ပြီးသွားရင် ပြထားတဲ့ အပြာရောင်လင့်ကနေပြီးတော့ မိမိ တင်ထားတဲ့ Slideshow 

ကိုပြန်ကြည့်လို့ရပါတယ်။

ဒီနေရာမှာအချိန်အားတယ်ဆိုရင်Title ဆိုတဲ့နေရာမှာမြန်မာ 
လိုရေးပြီး ခေါင်းစဉ်လှလှလေး ပေးလို့ရပါတယ်

Description နေရာမှာသွားပြီးတော့လည်း ဘာအတွက် ဒီ slideshow လုပ်ရတယ်ဆိုတာလေးကို အကျဉ်း

အားဖြင်ဖော်ပြပေးလို့ရပါတယ်။




Slideshow ကိုလုပ်ပြီးလို့ Youtube ကလည်း upload တင်ပြီးပြီဆိုရင်

 Video Manager နေရာမှာသွားပြီးတော့ စာသားလေးတွေ ရုပ်ပုံလှလှလေးတွေနဲ့ သွားရောက်

ပြုပြင်လို့၇ပါတယ်။ အဲ့ဒါကတော့ မိမိ ဥာဏ်စွမ်းရှိသလောက် ထပ်ထည့်လို့ရပါတယ် ခင်ဗျာ


ကိုလတ်(ကျွဲဆင်း)




Wednesday, March 12, 2014

MH370 ပျောက်ဆုံး သွားပြီးနောက်မှာ အလားတူ သမိုင်းတစ်လျောက် ထူးဆန်းစွာ ပျောက်ဆုံးသွား ခဲ့တဲ့၊ ပျက်ကျ ခဲ့ရတဲ့ လေယာဉ် ၁၀စင်း အကြောင်းကို တင်ပြ ပေးလိုက် ပါတယ်။ 

 Monday, March 10, 2014



၁၀။ Amelia Earhart
အမေရိကန် စွန့်ဦး လေယာဉ်မှုး Amelia Earhart ကအတ္တလန္တိတ် သမုဒ္ဓရာကို တစ်ဦးတည်း ဖြတ်ကျော်ခဲတဲ့ ပထမဆုံး အမျိုးသမီး အဖြစ် ကျော်ကြားပြီး ပစိဖိတ် သမုဒ္ဓရာ အလယ်ပိုင်းက Howland ကျွန်းနားမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။ ၁၉၃၇ ဇူလိုင်လ ၂ရက်နေ့မှာ သူမနဲ့ သူ မရဲ့ လမ်းပြ Fred Noonan တို့က ကမ္ဘာကို တစ်ပတ်ပတ်မယ့် ခရီးစဉ် စတင်ပြီး ၂၉ရက် အကြာမှာ ပျောက်ဆုံး သွားခဲ့တာပါ။ တစ်ချို့တွေက သူမကို သမ္မတ Franklin D Roosevelt ရဲ့စပိုင် တစ်ယောက် ဖြစ်တာကြောင့် ဂျပန်တွေက ဖမ်းဆီး သွားတာလို့ ကောလဟာလ တွေထွက်ခဲ့ ပါတယ်။ တချို့ကတော့ သူမက ကျွန်းပေါ်မှာ လေယာဉ် ပျက်ကျပြီး သေဆုံး သွားတယ်လို့ ဆိုပါတယ်။ နောက်၂နှစ် အကြာမှာ သူမကို သေဆုံး သွားပြီလို့ သတ်မှတ် ခဲ့ပါတယ်။

၉။ အင်္ဂလိပ် ရေလက်ကြားမှာ ပျောက်ဆုံးသွားခဲ့တဲ့ Glenn Miller
Glenn Miller ကဂန္တ၀င် Big band တေးဂီတ ပညာရှင် တစ်ယောက် ဖြစ်ပြီးတော့ ဒီဇင်ဘာ ၁၅၊ ၁၉၄၄မှာ စစ်သားတွေကို ဖျော်ဖြေဖို့ အတွက် UK ကနေ ပြင်သစ်ကို ထွက်လာ ခဲ့ပါတယ်။ သူရဲ့လေယာဉ်က Clapham ကနေ ထွက်လာ ခဲ့ပြီး English Channel အင်္ဂလိပ် ရေလက်ကြားကို အဖြတ်မှာ ပျောက်ဆုံး သွားခဲ့ပါတယ်။ ပျောက်ဆုံး သွားတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ထင်ကြေး ၃ခု ထွက်လာ ခဲ့ပါတယ်။ ပထမ တစ်ခုက Royal Air Force ရဲ့ဗုံးထိမှန် ခဲ့တာပါတဲ့။ ဒုတိယက friendly fire ပါတဲ့။ ရန်သူနဲ့ မှားယွင်းပြီး အချင်းချင်း ပစ်ခတ် ခံထိတာပါတဲ့။ နောက်ဆုံး ကတော့ Glenn Miller ကပြင်သစ်ကို ရောက်ခဲ့ပြီး နှလုံး တိုက်ခိုက်ခံ ရပြီး ကွယ်လွန် ခဲ့ပေမယ့် အမေရိကန် စစ်တပ်က ဒီသတင်းကို ဖုံးထား ခဲ့တာပါလို့ ဆိုပါတယ်။

၈။ နာမည်ကျော် Bermuda Triangle နဲ့ Flight 19
၁၉၄၅ ဒီဇင်ဘာလ ၅ရက်နေ့မှာ လေယာဉ် ၆စီးက ဘာမြူဒါ တြိဂံ ဒေသမှာ ရုတ်တရက် ပျောက်ဆုံး သွားပြီး လျို့ဝှက်တဲ့ ဘာမြူဒါ ပုံပြင်ကို စအသက် သွင်းခဲ့ ပါတယ်။ အတွေ့အကြုံ ရင့်ကျက် နေတဲ့ လေယာဉ် ညွှန်မှုး Charles Taylor ဦးဆောင်တဲ့ Navy Avenger လေယာဉ် ၅စီးက လေ့ကျင့်ရေး အတွက် Fort Lauderdale, Florida ကနေ ထွက်လာ ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နာရီခွဲ အကြာမှာ လေယာဉ်မှုး တွေက သူတို့ ဦးတည်ချက် ပျောက်နေပြီး၊ သူတို့ အောက်က မြေပြင် အနေအထားကို စိမ်းနေတယ်လို့ သတင်းပို့ ခဲ့ကြပါတယ်။ Taylor ကသူရဲ့ သံ လိုက် အိမ်မြှောင် ကလည်း အလုပ် မလုပ်ဘူးလို့ စခန်းကို လှမ်းသတင်း ပို့ခဲ့ပါတယ်။ စခန်းက လမ်းညွှန်ချက် ပေးဖို့ ကြိုးစားခဲ့ ပေမယ့် လေ ယာဉ် တွေက ဆင်းသက်ဖို့ နေရာ ရှာမရဘဲ နောက်ဆုံးမှာ ပင်လယ်ထဲကို ထိုးကျခဲ့ပြီး လူအားလုံး ၁၄ယောက် သေဆုံး ခဲ့ပါတယ်။ ကယ် ဆယ် ရေးအတွက် လေယာဉ် တစ်စီး ထပ်မံ လွှတ်ခဲ့ပေမယ့် အဲ့လေယာဉ် ကပါ အစရှာ မရဘဲ ပျောက်ဆုံး သွားခဲ့ရ ပါတယ်။

၇။ Star Dust နဲ့လျို့ဝှက် ကုတ်နံပတ်
၁၉၄၇မှာ British South American Airways ရဲ့လေယာဉ် Star Dust ကအာဂျင်တီးနား နိုင်ငံ Buenos Aires ကနေ ချီလီနိုင်ငံ Santiago ကိုအသွား၊ Andes mountains တွေကို ဖြတ်အကျော်မှာ ပျောက်ဆုံး သွားခဲ့ ပါတယ်။ ဒါပေမယ့် မပျောက်ဆုံး ခင်မှာ radio operator က "STENDEC" ဆိုတဲ့ cryptic morse code message ကို နှစ်ကြိမ်တိုင်တိုင် ပြောပြီး နောက်ဆုံး ပေးခဲ့ပါတယ်။ လေယာဉ် ဘယ်လို ပျောက်ဆုံး သွားတာလဲ။ ဒီကုတ်က ဘာကို ဆိုလိုတာလဲ ဆိုတာကို နှစ်ပေါင်းများစွာ လူတွေက ဖော်ထုတ်ဖို့ ကြိုးစား ခဲ့ကြပါတယ်။ UFOတွေ၊ အဖျက် သမား တွေကြောင့်၊ ခရီးသည် တစ်ယောက်မှာ သယ်လာတဲ့ လျို့ဝှက်စာ တွေကို ဖျောက်ချင်လို့ ဖျက်ချတာ စတဲ့ ထင်ကြေးတွေ ထွက်ပေါ် လာခဲ့ပါတယ်။ နောက်နှစ်ပေါင်း ၅၀အထိ ရှာမတွေ့ ခဲ့ကြဘဲ ၁၉၉၈မှ အာဂျင်တီးနား တောင်တက် သမား ၂ယောက်က Mount Tupungato မှာအင်ဂျင် အပျက်အစီး တွေနဲ့ အ၀တ်စတွေ ရှာဖွေ တွေ့ရှိခဲ့ပြီး လူအလောင်း တွေပါ တူးဖော် တွေ့ရှိခဲ့ ရပါတယ်။ "STENDEC" ရဲ့အဓိပ္ပါယ် ကတော့ ခုထိ ပဟေဋ္ဌိ ဖြစ်နေဆဲပါ။

၆။ Bermuda Triangle မှာပျောက်ဆုံး ခဲ့တဲ့ Star Tiger
British South American Airways ရဲ့ Star Tiger လေယာဉ်က ၁၉၄၈၊ ဇန်န၀ါရီလမှာ Santa Maria ကနေ Bermuda ကိုပျံသန်းရင်း ထပ်မံ ပျောက်ဆုံး ခဲ့ရပါတယ်။ လေယာဉ် ပေါ်မှာ ခရီးသည် ၂၅ဦး ပါဝင်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်က Air Marshal သူရဲကောင်း Sir Arthur Con ingham လည်းအပါအ၀င်ပါ။ လေထန် နေပြီး ရာသီဥတု ဆိုးတာကြောင့် Lancastrian plane နောက်ကနေ ခပ်နိမ့်နိမ့်ပဲ ပျံသန်း လိုက်ခဲ့ပါ တယ်။ ဒါပေမယ့် ရှေ့က လေယာဉ်က ချောချောမွေ့မွေ့ ရောက်သွားခဲ့ပြီး Star Tiger ကတော့ ပျောက်ချင်းမလှ ပျောက်သွား ခဲ့ရပါတယ်။ ဖြစ် နိုင်ချေက လေထန် နေတာကြောင့် ပင်လယ်ထဲ ထိုးကျခဲ့ တာလို့ ဆိုပါတယ်။

၅။ Flight 191
Flight 191 ကတော့ အမေရိကန် လေယာဉ် သမိုင်းတလျောက်မှာ လူအသေအပျောက် အများဆုံး ဖြစ်ရပ်ဆိုး တစ်ခုပါ။ ၁၉၇၉ခုနှစ် မေလ ၂၅ရက်မှာ ချီကာဂိုက O'Hare International Airport ကနေ ထွက်ခွာပြီး မိနစ်ပိုင်းမှာပဲ ပျက်ကျခဲ့ပြီး ခရီးသည်ပေါင်း ၂၅၈ယောက်နဲ့ လေယာဉ် အမှုထမ်း ၁၃ယောက် အပြင် မြေပြင်မှာ ရှိနေတဲ့ လူ၂ယောက်၊ စုစုပေါင်း ၂၇၃ဦး သေဆုံး ခဲ့ပါတယ်။ လေယာဉ် စပျံတက်ဖို့ အရှိန်ယူ နေစဉ်မှာပဲ လေယာဉ်ရဲ့ အင်ဂျင် နံပတ်၁ pylon မှာမီးခိုး ထွက်နေတာကို တွေ့ရှိခဲ့ ပါတယ်။ အင်ဂျင်မှာ ပြဿနာ ရှိတာကို တွေ့ရှိပြီး နောက်မှာ Flight 191 ကိုလေဆိပ်ကို ပြန်လာဖို့ အကြောင်းကြား ခဲ့ပေမယ့် ဘာတုန့်ပြန်မှုမှ မလာတော့ ပါဘူး။ ပုံမှန်အားဖြင့် လေယာဉ်ရဲ့ အင်ဂျင် တစ်လုံးက အလုပ်မလုပ် တော့တဲ့ အခါ ကျန်တဲ့ ၂လုံးနဲ့ ထိန်းသွားလို့ ရပေမယ့် DC-10 လေယာဉ် အမျိုးအစားက separate mechanism မဟုတ်ဘဲ system ထဲက hydraulic pressure မှာပဲ မှီခိုပြီး အလုပ်လုပ် တာကြောင့် ပျက်ကျ ခဲ့ရပါတယ်။ maintenance ပိုင်းမှာ လစ်ဟာချက် တွေရှိတာကြောင့် ပျက်ကျ ခဲ့ရတာလို့ စစ်ဆေး တွေ့ရှိခဲ့ အပြီးမှာ အမေရိကန် အစိုးရက American Airlines ကိုဒေါ်လာ ငါးသိန်း ဒဏ်ရိုက်ခဲ့ ပါတယ်။ နောက်ထပ် 191 ဖြစ်ရပ် ဆိုးတွေ၊ ၁၉၆၇မှာ X-15 Flight 191 ပျက်ကျခဲ့မှုနဲ့ ၂၀၁၂မှာ JetBlue Airways flight 191 ရဲ့လေယာဉ်မှုး ရုတ်တရက် နှလုံး ထဖောက် ခဲ့တာကြောင့် ခရီးသည် တွေက လေယာဉ်ကို မောင်းပြီး ဆင်းသက် ခဲ့ရ တာတွေကြောင့် 191 ကိုလူတွေက အယူသီးပြီး မစီးရဲ ကြတာ တွေကြောင့် 191 flight တချို့ကို နားခဲ့ရ ပါတယ်။

၎။ Star Ariel လျို့ဝှက်စွာ ပျောက်ဆုံးမှု
British South American Airways ရဲ့နောက်ထပ် လေယာဉ် တစ်စီး Star Ariel က၁၉၄၉ခုနှစ်မှာ Bermuda ကနေ Jamaica ကိုအသွားမှာ ပျောက်ဆုံးသွား ခဲ့ပါတယ်။ Star Tiger လိုပါပဲ။ ရာသီဥတုက ကောင်းမွန် နေပေမယ့် communication problems တချို့ ရှိခဲ့ပြီး ခရီးသည် အယောက် ၂၀နဲ့အတူ ပျောက်ချင်းမလှ ပျောက်သွား ခဲ့ပါတယ်။

၃။ flight 571 အဖြစ်ဆိုး
ခရီးသည်ပေါင်း ၄၅ယောက် တင်ဆောင် ထားတဲ့ Uruguayan Air Force လေယာဉ်က ဆိုးရွားတဲ့ ရာသီဥတုကြောင့် Andes တောင်တန်းမှာ ပျက်ကျ ခဲ့ပါတယ်။ အဲ့အထဲမှာ Montevideo က Rugby အသင်းလည်း ပါဝင်ပါတယ်။ လေယာဉ် ပျက်ကျကျချင်း ၁၂ယောက် သေဆုံးခဲ့ပြီး ၆ယောက် ကတော့ နောက်ရက် တွေမှာ သေဆုံးခဲ့ ပါတယ်။ ကျန်တဲ့ ၁၆ယောက် ကတော့ လေယာဉ် အပျက်အစီးမှာ မှီခိုနေ ခဲ့ရပြီး သေ ဆုံးသွားတဲ့ သူတွေရဲ့ အလောင်း တွေကို စားသောက် နေထိုင် ခဲ့ရပါတယ်။ သူတို့ကို လေယာဉ် ပျက်ကျပြီး ၇၂ရက် ကြာပြီးတဲ့ အထိ ရှာမတွေ့ ခဲ့ကြဘဲ အဲ့ထဲက လူ၂ယောက်က တောင်တန်း တွေကို ဖြတ်ကျော်ပြီး အကူအညီ ရှာဖွေ ခဲ့ပါတယ်။ လူတစ်ယောက်နဲ့ တွေ့ပြီး အာဏာပိုင် တွေကို အကူအညီ တောင်းပြီး ကယ်ဆယ်ခံ ခဲ့ရပါတယ်။ သူတို့ အကြောင်းကို Alive (1993) ရုပ်ရှင်မှာ ကြည့်ရှု နိုင်ပါတယ်။

၂။ EgyptAir flight 990
၁၉၉၉ခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့မှာ EgyptAir flight 990 လေယာဉ်က New York မြို့ JFK လေဆိပ် ကနေ Cairo ကိုအသွား အတ္တလန္တိတ် သမုဒ္ဓရာမှာ ပျက်ကျ ခဲ့ပြီး လူပေါင်း ၂၁၇ယောက် သေဆုံး ခဲ့ပါတယ်။ ဒီခရီးစဉ်ရဲ့ လက်ထောက် လေယာဉ်မှုး Gamil el-Batouty ကိုလိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနဲ့ EgyptAir ကအကြီးပိုင်း အရာရှိ တစ်ယောက်ဖြစ်တဲ့ Hatem Rushdy ကစွပ်စွဲ ထားခဲ့ပြီး သူကိုယ်တိုင် လည်း ဒီလေကြောင်းနဲ့ လိုက်လာ ခဲ့ပါတယ်။ Hatem Rushdy က Gamil el-Batouty ကိုဒီခရီးစဉ်က မင်းအတွက် နောက်ဆုံး ခရီးပဲ လို့ ဆိုခဲ့ပြီး Gamil el-Batouty ကမင်းအတွက်လည်း နောက်ဆုံး ခရီးပဲလို့ ပြန်တုန့်ပြန် ခဲ့ပါတယ်။ နောက်တော့ လေယာဉ်မှုးက သန့်စင်ခန်းကို ခဏ အသွားမှာ Gamil el-Batouty ရဲ့ "I rely on God" လို့ရေရွတ်သံကို အသံသွင်းစက် ကတဆင့် ကြားခဲ့ ပါတယ်။ အဲ့အချိန်မှာ သူက လေ ယာဉ်ကို autopilot ပြောင်းပြီး လေယာဉ်က အောက်ဆိုက် ဆင်းနေပါပြီ။ ကတ်ပတိန်က အမြန် ပြန်သွားပြီး လေယာဉ်ကို ပြန်ထောင် မတ်ဖို့ ဆွဲတင် ခဲ့ပေမယ့် အချိန်မမှီ တော့ပါဘူး။

၁။ Air France flight 447
၂၀၀၉ခုနှစ်မှာ Air France ရဲ့ Airbus A330 လေယာဉ်က Rio ကနေ Paris ကိုအသွား၊ ခရီးသည် ၂၈၈ယောက်ကို သယ်ဆောင် လာပြီး အတ္တလန္တိတ် သမုဒ္ဓရာမှာ ပျက်ကျ ခဲ့ပြီး လူအားလုံး သေဆုံး ခဲ့ပါတယ်။ ဘာကြောင့် ပျက်ကျခဲ့ သလဲ ဆိုတာကို ၃နှစ်ကြာ စုံစမ်းစစ်ဆေး ခဲ့ရပြီး လေယာဉ် ပေါ်က black box ကိုရှာတာတင် အချိန် ၂နှစ် ပေးခဲ့ရ ပါတယ်။ စုံစမ်း စစ်ဆေးသူ တွေက ယာဉ်ပေါ်က pitot tube လို့ခေါ်တဲ့ speed sensor ကပျက်သွား တာကြောင့်လို့ ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။ လေယာဉ်က မုန်တိုင်းထန် နေတဲ့ အချိန်မှာ ပျံသန်း နေခဲ့ရပြီး pitot tube ကရေခဲနှင်း တွေနဲ့ တစ်ပြီး အလုပ် မလုပ်တော့ တာကြောင့် auto-pilot နဲ့မောင်းလို့ မရဘဲ လေယာဉ်မှုး တွေ ကိုယ်တိုင် ထိန်းချုပ် မောင်းနှင် ခဲ့ရပါတယ်။ ဒါပေမယ့် pitot tube လိုအဓိက ကျတဲ့ စက်ပစ္စည်း တစ်ခု အလုပ်မလုပ် တော့တာဟာ အခြေအနေကို ထိန်းချုပ်ရ ခက်ခဲ သွားစေခဲ့ပြီး ပြဿနာရဲ့ အတိမ်အနက်ကို ခန့်မှန်းရ ခက်ခဲသွား စေခဲ့ပါတယ်။ လေယာဉ်မှုး တွေက ယာဉ်ကို ရေနဲ့ စထိတော့မှ ရေထဲ ပျက်ကျပြီ ဆို တာကို သိခဲ့ကြပြီး အကူအညီ တောင်းတာမျိုး distress signal တွေတောင် မလုပ်ခဲ့ ရပါဘူး။ ပျက်ကျပြီး ပင်လယ်ထဲမှာ အလောင်း ၅၀ကို ရှာ ဖွေတွေ့ရှိခဲ့ပြီး ၂၀၁၁ မေမှာ black box နဲ့အတူ အလောင်း ၁၀၄လောင်းကို ထပ်မံ တွေ့ရှိခဲ့ပြီး ၇၄လောင်း ကတော့ ပျောက်ဆုံး နေဆဲပါ။

Ref: Myanmar Youth Club Media

Saturday, February 15, 2014

ပုံအောက်မှာမိမိတို့ညွန်းချင်တဲ့လင့်လေးတွေထည့်ပြီးသုံး ကြည့်၇အောင်

သည်တစ်ခါတော့ ကျနော့်ကို ညီလေးတစ်ယောက် gtalk ကနေမေးးတာလေးပါ ကိုအောင် ရေတဲ့.. ကိုအောင် ဆိုဒ်ထဲကလို ဒေါင်းစရာလေးတွေကို ပုံလေးတွေနဲ့ ပြထားတာလေး သိခြင်လို့ပါဆိုလို့  တင်ပြလိုက်ရပါတယ်... ရိုးရှင်းးလွယ်ကူပါတယ်ဗျာ... လုပ်ကြည့်နော်..အဆင်မပြေရင်ြေ့ပာပါ..

1.အ၇င်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ကုဒ်လေးကို Copy ကူးလိုက်ပါ.။ပြီး၇င် 

   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ


<a href=" မိမိတို့ညွန်းချင်တဲ့ Link ၇ဲ့ URL ကိုဒီမှာထည့်ပါ " target="_blank">
<img src=" မိမိတို့သုံးချင်တဲ့ပုံ၇ဲ့ URL ကိုတော့ဒီမှာထည့်ပါ " /></a>

2.  အနီ နဲ့ပြထားတဲ့နေ၇ာမှာတော့မိမိတို့ညွန်းချင်တဲ့လင့်၇ဲ့ URL နဲ့ပုံ၇ဲ့ URLကိုထည့်ပေးလိုက်ယုံပါပဲ..။
   ဒါဆို၇င်ပုံလေးကိုကလစ်လိုက်ယုံနဲ့မိမိတို့ညွန်းချင်တဲ့လင့်ကိုတန်းပြီးေ၇ာက်သွားမှာဖြစ်ပါတယ်..။
3.   target="_blank" ဆိုတဲ့ကုဒ်ကတော့ပုံလေးကိုကလစ်လိုက်တဲ့အခါမှာနောက်ထပ်စာမျက်နှာအသစ်
    မှာသွားပြီးပေါ်အောင်ထည့်ပေးထားတာဖြစ်ပါတယ်.။
အောက်မှာပြထားတဲ့နမူနာကုဒ်လေးကိုကြည့်လိုက်၇င်သဘောပေါက်သွားပါလိမ့်မယ်.။

ဥပမာအားဖြင့်ပေါ့...

<a href="http://www.mediafire.com/?bk353i33d7lnanw" style="margin-left: 1em; margin-right: 1em;"><img src="http://i.minus.com/isom9o3NlGee8.png" border="0" height="37" width="247" /></a></div>
<div class="separator" style="clear: both; text-align: center;">


 အနီရောင်   ကဒေါင်းလော့လင့်ပါ
အစိမ်းရောင်က ပုံရဲ့ လင့်ပါ
ပန်းရောင်က ပုံရဲ့ widght တွေပါ သူ့နံပါတ်တွေကို လိုသလို ပြုပြင်နိုင်ပါတယ်..။
 
ဘလော့ခရီးသည်

 

Friday, February 14, 2014

Blogger ဆိုဒ်များ.

စောဇော်မင်းထွန်း
koalalay
teslanetblog
sannoo
nyilynnseck
kminnkyaw
shwemoetain
myatlone
ကိုရန်အောင်
mgthantzin
mghla
edwardwitten
ainmetdiary
မယ်လိုဒီမောင်၏ ငြိမ်းချမ်းသံစဉ်
thinzaroo
ems-dailydiary

နည်းပညာ ဆိုက်တွေ...

အညာသား Group
ကျော်ကြမယ်
mysteryzillion
Kaspersky Update များ
Kaspersky
IT Reshare Site
ကောင်းမင်းထက်
ဆရာ ဇော်လင်း ရဲ့ဆိုဒ်
ကိုဇော် ၃၅၇
M51A ဆိုဒ်
သတ္တမ နည်းပညာရပ်ဝန်း
နည်းပညာ စာမျက်နှာ
ကိုစေတန် ဂေါ့ဒ်
မြန်မာ အိုင်တီ ပရို
Our Mandalay နည်းပညာ
Photoshop နဲ့ ပတ်သက်တာတွေ
မြန်မာ Photoshop
PHP မြန်မာ
World Wide Myanmar
ကြယ်စင်မင်း ရဲ့ မှတ်စုများ
ညီနေမင်း
မိုးထက်မြင့် နည်းပညာ
Mac သမားများအတွက်
It World
pro myanmar
မြန်မာ ဖိုတိုရှော့ နှင့် ဂရပ်ဖစ် အဖွဲ့
IT မောင်မောင်
နည်းပညာ ရှဲရင်း
ကိုနွယ်ရိုး
lover creater
My Software
ဧရာ ယူနီကုတ်
ကျွန်တော် မှတ်စုစာအုပ်
မြန်မာအိုင်တီလောက ဖွံ့ဖြိုးမှု့
မြန်မာရှဲ
မြန်မာ ကွန်ပျူတာ
ကိုယ့်ဘလော့ကို ဘက်ဂရောင်းပြောင်းချင်ရင်
ထူးတေဇာ
သဒ္ဒါဖြူ
ubuntu မြန်မာ
Ubuntu for မြန်မာ
မိမိတို့ ရဲ အကောင့် တွေကိုလုံခြုံရေးနှစ်ထပ်တိုးမြှ...: 

ဒီနေ့ တော့  မိမိရဲ့ အရေးကြီးတဲ့ password တွေကိုကာကွယ်နိုင်မဲ့ နည်းလမ်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။
facebook password တွေပဲဖြစ်ဖြစ် မိမိတို့ ရဲ့  gmail account တွေပဲ ဖြစ်ဖြစ် မိမိနှစ်သက်တဲ့ website တွေပဲဖြစ်ဖြစ် ။ptc ငွေရှာနေတဲ့ အကောင့် တွေပဲဖြစ်ဖြစ်အားလုံးကိုလုံခြုံရေး နှစ်ထပ်ချလို့ ရမဲ့ ဆော့ ဝဲလေးပါ။အကြောင်းအမျိုးမျိုးကြောင့် သူများကွန်ပျူတာတွေကိုဝင်ရောက်သုံးစွဲနေရတဲ့ သူတွေလည်းဒီနည်းလမ်းလေး
ကိုသုံးရင်အဆင်ပြေမယ်လို့ ယူဆပါတယ်။တစ်ယောက်ကိုတစ်ယောက်ကျော်ခွခြင်းမှကင်းဝေးအောင်ဒီနည်းလမ်းလေးကို
သာသုံးလိုက်ပါ။100%  အလုပ်လုပ်ပါတယ် ကျွန်တော်ကိုယ်တိုင် စမ်းသပ်ထားပါတယ်ခင်ဗျာ။ဒီနည်းလမ်းက ကွန်ပျူတာအတွက်သာသုံးလို့ ရမှာပါခင်ဗျာ။
အရင်ဆုံး DOWNLOAD ယူလိုက်ပါ။LINK 1 LINK 2;
(အဆင့် -၁)  ရလာတဲ့ ဖိုင်ကို RUN လိုက်ပါ။ပြီးရင်Master password နေရာမှာ series key ကိုဖြည့် ပေးပါခင်ဗျာ။ဒါဆိုအမြဲအသုံးပြုလို့ ရပါပြီခင်ဗျာ။
(အဆင့် -၂)  အောက်ကပုံလေးအတိုင်း (ဥပမာ-facebook အကောင့် ကို password နှစ်ထပ်လုပ်ချင်တယ်ဆိုရင် အောက်ကပုံအတိုင်း ဖြည့် ထည့် ပေးပါ) name နေရာမှာ facebook ကနာမည်။ link နေရာမှာ facebook က url ကိုထည့် ပေးပါ။password နေရာမှာ facebook ကpassword ကိုထည့် ပေးပါခင်ဗျာ။(ဂရုစိုက်ပါ)ပြီးရင် add ကိုနိပ်ပါ။

(အဆင့် -၃ ) ဒီအဆင့် မှာကတော့ မိမိတို့ ရဲ့ facebook ကိုဝင်ချင်တယ်ဆိုရင် launch ဆိုတာလေးကိုနိပ်ပြီးဝင်နိုင်ပါပြီခင်ဗျာ။
gmail အတွက်ဆိုရင်တော့ app account မှာဝင်ပြီးလုပ်ပေးပါ။ခင်ဗျာ။အားလုံးအဆင်ပြေမယ်လို့ ယူဆပါတယ်။
အသုံးဝင်တဲ့ samsung ရဲ့ လျိုဝှက်ကုဒ်တွေ

အသုံးဝင်တဲ့ samsung ရဲ့ လျိုဝှက်ကုဒ်တွေကိုသိချင်တဲ့ မိတ်ဆွေတွေအတွက်ဗဟုသုတရအောင်ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျ.
အားလုံးကိုအင်္ဂလိပ်လိုဖတ်ပေးကြပါခင်ဗျာ။အင်္ဂလိပ်လိုရေးထားပေမယ့် သိပ်အခက်အခဲကြီးလည်းမဟုတ်တဲ့ 
အတွက်မြန်မာလိုရေးမပေးထားတာကိုခွင့် လွတ်ပေးပါ။တစ်စုံတစ်ရာမေးမြန်းချင်တယ်ဆိုရင်တော့ 
အောက်ကလိပ်စာမှာမေးကြည့် နိုင်ပါတယ်။
 Software version: *#9999#
IMEI number: *#06#
Serial number: *#0001#
Battery status- Memory capacity : *#9998*246#
Debug screen: *#9998*324# - *#8999*324#
LCD kontrast: *#9998*523#
Vibration test: *#9998*842# - *#8999*842#
Alarm beeper - Ringtone test : *#9998*289# - *#8999*289#
Smiley: *#9125#
Software version: *#0837#
Display contrast: *#0523# - *#8999*523#
Battery info: *#0228# or *#8999*228#
Display storage capacity: *#8999*636#
Display SIM card information: *#8999*778#
Show date and alarm clock: *#8999*782#
The display during warning: *#8999*786#
Samsung hardware version: *#8999*837#
Show network information: *#8999*638#
Display received channel number and received intensity: *#8999*9266#

*#1111# S/W Version
*#1234# Firmware Version
*#2222# H/W Version
*#8999*8376263# All Versions Together
*#8999*8378# Test Menu
*#4777*8665# GPSR Tool
*#8999*523# LCD Brightness
*#8999*377# Error LOG Menu
*#8999*327# EEP Menu
*#8999*667# Debug Mode
*#92782# PhoneModel (Wap)
#*5737425# JAVA Mode
*#2255# Call List
*#232337# Bluetooth MAC Adress
*#5282837# Java Version

Type in *#0000# on a Samsung A300 to reset the language
Master reset(unlock) #*7337# (for the new samsungs E700 x600 but not E710)
Samsung E700 type *#2255# to show secret call log (not tested)
Samsung A300, A800 phone unlock enter this *2767*637#
Samsung V200, S100, S300 phone unlock : *2767*782257378#
#*4773# Incremental Redundancy
#*7785# Reset wakeup &amp; RTK timer cariables/variables
#*7200# Tone Generator Mute
#*3888# BLUETOOTH Test mode
#*7828# Task screen
#*#8377466# S/W Version &amp; H/W Version
#*2562# Restarts Phone
#*2565# No Blocking? General Defense.
#*3353# General Defense, Code Erased.
#*3837# Phone Hangs on White screen.
#*3849# Restarts Phone
#*7337# Restarts Phone (Resets Wap Settings)
#*2886# AutoAnswer ON/OFF
#*7288# GPRS Detached/Attached
#*7287# GPRS Attached
#*7666# White Screen
#*7693# Sleep Deactivate/Activate
#*2286# Databattery
#*2527# GPRS switching set to (Class 4, 8, 9, 10)
#*2679# Copycat feature Activa/Deactivate
#*3940# External looptest 9600 bps
#*4263# Handsfree mode Activate/Deactivate
#*2558# Time ON
#*3941# External looptest 115200 bps
#*5176# L1 Sleep
#*7462# SIM Phase
#*7983# Voltage/Freq
#*7986# Voltage
#*8466# Old Time
#*2255# Call Failed
#*5376# DELETE ALL SMS!!!!
#*6837# Official Software Version: (0003000016000702)
#*2337# Permanent Registration Beep
#*2474# Charging Duration
#*2834# Audio Path (Handsfree)
#*3270# DCS Support Activate/Deactivate
#*3282# Data Activate/Deactivate
#*3476# EGSM Activate/Deactivate
#*3676# FORMAT FLASH VOLUME!!!
#*4760# GSM Activate/Deactivate
#*4864# White Screen
#*7326# Accessory
#*7683# Sleep variable
#*3797# Blinks 3D030300 in RED
#*7372# Resetting the time to DPB variables
#*3273# EGPRS multislot (Class 4, 8, 9, 10)
#*7722# RLC bitmap compression Activate/Deactivate
#*2351# Blinks 1347E201 in RED
#*2775# Switch to 2 inner speaker
#*7878# FirstStartup (0=NO, 1=YES)
#*3838# Blinks 3D030300 in RED
#*2077# GPRS Switch
#*2027# GPRS Switch
#*0227# GPRS Switch
#*0277# GPRS Switch
#*22671# AMR REC START
#*22672# Stop AMR REC (File name: /a/multimedia/sounds/voice list/ENGMODE.amr)
#*22673# Pause REC
#*22674# Resume REC
#*22675# AMR Playback
#*22676# AMR Stop Play
#*22677# Pause Play
#*22678# Resume Play
#*77261# PCM Rec Req
#*77262# Stop PCM Rec
#*77263# PCM Playback
#*77264# PCM Stop Play
#*22679# AMR Get Time
*#8999*364# Watchdog ON/OFF
*#8999*427# WATCHDOG signal route setup
*2767*3855# = Full Reset (Caution every stored data will be deleted.)
*2767*2878# = Custom Reset
*2767*927# = Wap Reset
*2767*226372# = Camera Reset (deletes photos)
*2767*688# Reset Mobile TV
#7263867# = RAM Dump (On or Off)
 *2767*49927# = Germany WAP Settings
*2767*44927# = UK WAP Settings
*2767*31927# = Netherlands WAP Settings
*2767*420927# = Czech WAP Settings
*2767*43927# = Austria WAP Settings
*2767*39927# = Italy WAP Settings
*2767*33927# = France WAP Settings
*2767*351927# = Portugal WAP Settings
*2767*34927# = Spain WAP Settings
*2767*46927# = Sweden WAP Settings
*2767*380927# = Ukraine WAP Settings
*2767*7927# = Russia WAP Settings
*2767*30927# = GREECE WAP Settings
*2767*73738927# = WAP Settings Reset
*2767*49667# = Germany MMS Settings
*2767*44667# = UK MMS Settings
*2767*31667# = Netherlands MMS Settings
*2767*420667# = Czech MMS Settings
*2767*43667# = Austria MMS Settings
*2767*39667# = Italy MMS Settings
*2767*33667# = France MMS Settings
*2767*351667# = Portugal MMS Settings
*2767*34667# = Spain MMS Settings
*2767*46667# = Sweden MMS Settings
*2767*380667# = Ukraine MMS Settings
*2767*7667#. = Russia MMS Settings
*2767*30667# = GREECE MMS Settings

*#7465625# = Check the phone lock status
*7465625*638*Code# = Enables Network lock
#7465625*638*Code# = Disables Network lock
*7465625*782*Code# = Enables Subset lock
#7465625*782*Code# = Disables Subset lock
*7465625*77*Code# = Enables SP lock
#7465625*77*Code# = Disables SP lock
*7465625*27*Code# = Enables CP lock
#7465625*27*Code# = Disables CP lock
*7465625*746*Code# = Enables SIM lock
#7465625*746*Code# = Disables SIM lock
*7465625*228# = Activa lock ON
#7465625*228# = Activa lock OFF
*7465625*28638# = Auto Network lock ON
#7465625*28638# = Auto Network lock OFF
*7465625*28782# = Auto subset lock ON
#7465625*28782# = Auto subset lock OFF
*7465625*2877# = Auto SP lock ON
#7465625*2877# = Auto SP lock OFF
*7465625*2827# = Auto CP lock ON
#7465625*2827# = Auto CP lock OFF
*7465625*28746# = Auto SIM lock ON
#7465625*28746# = Auto SIM lock OFF

Type *#9998*627837793# Go to the 'my parameters' and there you will find new menu where you can unlock phone.(not tested-for samsung C100)
To unlock a Samsung turn the phone off take the sim card and type the following code *#pw+15853649247w# .
Java status code: #*53696# (Samsung X600)

If you want to unlock your phone put a sim from another company then type *#9998*3323# it will reset your phone. Push exit and then push 7, it will reset again. Put your other sim in and it will say sim lock, type in 00000000 then it should be unlocked. Type in *0141# then the green call batton and it's unlocked to all networks. This code may not work on the older phones and some of the newer phones. If it doesn't work you will have to reset your phone without a sim in it by typing *#2767*2878# or *#9998*3855# (not tested)   
ဒီလောက်ဆိုရင်အားလုံးအဆင်ပြေလောက်ပြီလိုမျှော်လင့် ပါတယ်ခင်ဗျာ.အသစ်တင်တိုင်း
FACEBOOK ကနေ စောင့် ဖတ်မယ်ဆိုရင် 
ဒီမှာ LIKE ပေးခဲ့ ပါ။

ပို့သူကိုမသိအောင် email ပို့နည်း

ဒီနည်းလေးက သူငယ်ချင်းတွေကို
နောက်လို့လည်းကောင်းသလို
စနစ်တကျအသုံးချတတ်ရင်လည်း
အများကြီး အသုံးတဲ့ပါတယ် ..

ဒီနည်းကိုအသုံးပြုပြီး email ပို့မယ်ဆိုရင်
ဘယ်ကပို့ခဲ့တဲ့ email မှန်းလည်း လုံးဝမသိနိုင်သလို
ကိုယ်ပေးချင်တဲ့ အမည်၊ email တွေကို စိတ်ကြိုက်လည်း ပြောင်းလဲအသုံးပြုနိုင်ပါတယ် ...


ကဲ .. စလိုက်ကြစို့ ...

အရင်ဆုံး ဒီနေရာ ကို သွားပါ ..

အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီပုံထဲမှာပြထားတဲ့အတိုင်း ကိုယ်လိုသလို ဖြည့်စွက်ပြီး Send ကို နှိပ်ပေးလိုက်တာနဲ့
email ပို့ပြီးပြီဆိုရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်



ကိုယ့်ပို့လိုက်တဲ့ လိပ်စာကို အောက်ကပုံလေးအတိုင်း ရောက်ရှိသွားမှာဖြစ်ပါတယ်



အဲ .. တစ်ခါတစ်ခါတော့ email ရဲ့ Inbox ထဲကိုမရောက်ပဲ Spam ဆိုတဲ့ Label ထဲကို ရောက်သွားတတ်ပါတယ် ...

ကဲ .. ပျော်ရွှင်နိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Wednesday, February 12, 2014

ရေလုပ်ငန်းရှင်တွေ အတွက် ဈေးကွက်ဝင် ငါးနီတူခြောက် ပြုလုပ်နည်း

ရေလုပ်ငန်းရှင်တွေ အတွက် ဈေးကွက်ဝင် ငါးနီတူခြောက် ပြုလုပ်နည်း
ရေးသားသူ (ဒေါက်တာလှိုင်မြင့်)


မြန်မာပြည်ကို ဆောင်းဝင်လာခဲ့ပြီဆိုတော့ ပင်လယ်ကမ်းခြေဒေသတွေမှာ မြန်မာတိုင်းသိနေသည့် (ငါးနီတူ) ငါးတွေ အမိအရ များလာချိန်ဖြစ်ပါသည်။ ယခု စာတမ်းလေးကို ပင်လယ်ဒေသ လူတွေ ဆီ ဖြန့် ဝေပေးကြပါရန် ပန်ကြားလိုပါသည်။

ငါးနီတူ ကိုကျနော်တို့ ဆီမှာ ငါးခြောက်လုပ်ရုံကလွဲပြီး တခြားနည်းမရှိကြပါ။ ကျနော်အော်ဇီ ရောက်မှ ငါးနီတူ အစို (လတ်လတ်ဆတ်ဆတ်ကို တွေ့ ဖူးတာပါ။ အော်ဇီမှာက ငါးမြှားရန်အတွက်သာ သုံးကြပါသည်။ စားသူရှားပါသည်။ ကျနော်တို့ ဆီမှာ ငါးခြောက်သာလျှင် လုပ်တော့ ငါးခြောက်တစ်ပိသာ ရရန် ငါးနီတူ ၅ ပိဿာ အထက်ကုန်ပြီး ဈေးအလွန်နည်းတော့ တန်ဖိုးပျက်ပါသည်။

(၁) သို့သော်အီတာလျံတွေကတော့ ငါးနီတူကို ဆားနယ်ပြီး ငါးပိကောင်ဆန်ဆန် စားတတ်ကြပါသည်။ ငါးနီတူ ငါးပိကောင်ကို ဆီမြုပ်နေအောင် လုပ်ထားပြီး စည်သွတ်ဘူး။ ပလပ်စတစ်ဘူး။ ဖန်ပလင်းနှင့်ရောင်းသော အီတာလျံ ငါးနီတူမှာ အလွန်ဈေးကြီးပါသည်။ ငါးသီးသန့် သာဝယ်လျင် တစ်ပိဿာကို ဒေါ်လာ ၁၂ဝ ကျော်ပါသည်။ မြန်မာငွေနှင့် ငါးနီတူငါးပိကောင်ကို တစ်သိန်းကျော်ပါသည်။

မြန်မာနိင်ငံမှာလဲ စမ်းသပ်သင့်ပါသည်။ နောက်တမျိုးကတော့ ငါးနီတူကို ငါးချဉ်တည်ပြီးမှ ဆားနယ်ကာ ငါးပိကောင်ပြန်လုပ် အထားခံရန် ဆီမြုပ်နေအောင် ထည့်ထားတာပါဘဲ။

(၂)ကတော့ ငါးနီတူကို ဆီဆမ်းပြီး အထက်မီးနှင့် ကင်ခြင်းဖြစ်ပါသည်။ တရက်တော့ ငါးနီတူကို ကင်စားကြည့်မယ်ဆိုပြီး ဂျင်း ၊ ကြက်သွန်ဖြူ ၊ ဆား ၊ နံနံပင် ကိုရောထောင်းကာ ငါးနီတူအပေါ်အရည်ညစ်ချပြီး ဗန်းကို လှန်ကစားပေးကာ သမအောင်လုပ်ပြီး ၁ဝ - ၁၅ မိနစ် နှပ်ထားပါသည်။

ပြီး ခဲစက္ကူ ( Aluminum foil ) အပေါ်ငါးများကို အတန်းလိုက် ညီညီညာညာ ခင်းပြီး ဆီဆမ်းပါသည်။ အထက်မီးနင့် ကင်ပါသည်။ လိုအပ်သလို ဆီထပ်ဆမ်းပေးပါ။ ငါးအရောင် အနီရောင် အနည်းငယ် သမ်းလာလျင် နောက်ထပ် ခဲစက္ကူပေါ်ကိုငါးများကို ခဲစက္ကူနစ်ခု အပ်ထားပြီး လှန်ချပြီး ပြောင်းယူလိုက်ပါသည်။ အထက်မီးနင့် ထပ်ကင်လိုက်ပါသည်။ ငါးနီလာသည်အထိ ကင်ပါသည်။

ပြီးအအေးခံပြီး စားသုံးနိုင်ပါပြီ။ အကယ်လို့  ခေါင်းဖြုတ်ကင်လျင် ပုရစ်ကျော်လို အရသာနီးစပ်ပါသည်။ ပလပ်စတစ်ဘူးလေးနင့်ထဲ့ပြီး ပင်လယ်ကမ်းခြေဒေသမှ ရန်ကုန် မန္တလေးအထိပို့ ပေးလျင် ဘီယာသမားများအလွန်ကြိုက်သော ဟင်းလျာတခု တိုးလာပါမည်။

ကျော်ပြီးလျင် ရေခဲခန်းမှာသိမ်းထားလျင် အချိန်ကြာကြာထား စားနိုင်ပါမည်။ ပင်လယ်မှလုပ်သားများ ငါးနီတူဈေးကွက်ကောင်းတခု တိုးလာပါမည်။ စမ်းသပ်ရန် အလွန်လွယ်ကူပါသည်။

(၃) အခြောက်လှန်းနည်းတစ်မျိုး

ငါးနီတူကို ရှေးနည်းအတိုင်း ငါးခြောက်လှန်းလျင် ငါးရောင်မှာ အချိန်ကြာလာလေ ဝါလာလေ၊ ပိုကြာလာလျင် ညိုသွားပြီးရောင်းပန်း မလှတော့ပါ။ အော်ဇီမှာ ငါးနီတူဝယ်ပြီး အမျိုးမျိုး စမ်းပါတော့သည်။ ငါးနီတူကို သဘာဝအတိုင်း မလှန်းဘဲ ဆားအသင့်အတင့် ထည့်ထားသောရေကို အပူချိန် - ၆ဝ မှ ၇ဝ-ဒီဂရီ (စင်တီဂရိတ်) ရောက်အောင်လုပ်ပြီး ငါးနီတူကို (စက္ကန့်  ၂ဝ) စိမ်လိုက်ပြီး ၂ဝပြည့်တာနှင့် ရေစစ်ပြစ်လိုက်ပါ။ ငါးများဖြူလာပါသည်။ ကျပ်ငါးကိုလှန်းလျင် ငါးခြောက် အဖြူရောင်ရပါသည်။ ထိုနည်းက ငါးခြောက် ၁-ပိဿာရရန် ငါးအစို ၅-ပိဿာအထက် မလိုပါ။ ၄-ပိသာကျော်ဖြင့် ဖြူနေသော အရသာပိုမိုကောင်းသော ငါးနီတူခြောက်ကို ရစေပါသည်။

အထူးသဖြင့် အသုံးပြုသော ဆားကို နှစ်ချို့ ဆားသုံးနိုင်လျင် အချိန်ကြာလာသည့်နင့်အမျှ ငါးအရောင်ဝါ ၊ ညိုလာမှုဖြစ်ခြင်း သက်သာပါသည်။
သို့မဟုတ် ဆားကို ဒယ်အိုးမှာ မိးပျင်းပျင်းလှော်ပေးလျင် နီညိုရောင် ဘရိုမင်းနှင့် အို်င်အိုဒင်းအငွေ့ များထွက်လာတာမြင်ရပါသည်။ အဝတ်အဖြူ နောက်ခံထားကြည့်လျင် ထိုဓါတ်ငွေ့ များထွက်နေတာ မြင်ရပါသည်။ ထိုဓါတ်ငွေ့ အပေါ်ရှုကြည့်လျင် အလွန်မွှန်ပါသည်။ ထိုဓါတ်ငွေ့ များက ငါးခြောက်ကို ညိုလာစေခြင်း၊ ဆွေးမြေ့စေခြင်းဖြစ်စေပါသည် ။

ပင်လယ်ရေခူ လုပ်သူများ။ အခြားငါးခြောက်လုပ်သူများလဲ ဆားကိုလှော်ပြီးမှ ထဲ့လျင် အရောင်လှသော ငါးခြောက်များရပါမည်။ ငါးခြောက်လဲ အထားတာရှည်ခံပါမည်။

ပင်လယ်ရေလုပ်သားများကို မျှဝေပေးစေလိုပါသည်။ မြန်မာများဝင်ငွေ ပိုမိုတိုးလာမည်ဟုမျှော်လင့်မိပါသည်။ ကျေးဇူးတင်ပါသည်။
အားလုံးကို လေးစားလျှက်

လှိုင်မြင့်

 

GOOD BLOGS

  • ဧရာဝတီ
  • ကံသ်ကညံ
  • မာယာမဂ္ဂဇင်း
  • ဘိုဘိုလန်းစင်
  • ထက်အောင်ကျော်
  • တုတ်ကြီး (ခေတ္တတာဝတိံသာ)
  • ငြိမ်းဇေဦး
  • မင်းဒင်
  • ယောဟန်အောင်
  • ရွက်မွန်
  • နှင်းခါးမိုး
  • သစ်ခက်သံလွင်
  • ၀တ်မှုန်လွင်ပြင်
  • ဒုတိယအိမ် နိုင်ငံတကာစာပေဆက်ဆံရေးအင်အားစု
  • ကိုဖိုးဇေ
  • မမေငြိမ်း
  • မိုးချိုသင်း
  • ချောအိသိမ်း
  • သိင်္ဂီနွယ်ရဲ့ မှတ်စုစာအုပ်
  • ယုန်ကလေး၏ ဒိုင်ယာရီ
  • ခင်မမမျိုး
  • မဆုမွန်
  • ပန်ဒိုရာ
  • တူးတူးသာ
  • ခင်မင်းဇော်
  • မြတ်လေးငုံ
  • မသဒ္ဒါ
  • ကေသွယ်
  • နိုင်းနိုင်းစနေ
  • မြန်မာ့ပညာရေး
  • MM Thinker
  •  

    Internet websites

    Tuesday, February 11, 2014

    အသုံးဝင်မည့် ဆိုဒ်များ

    အသုံးဝင်မည့် ဆိုဒ်များ

    ရုပ်ရှင်
    မြန်မာMp3သီချင်း
    အနုပညာ
    ဖိုရမ်များ
    မြန်မာ၊ ကမ္ဘာစာအုပ်စင်များ
    သတင်း၊ ဂျာနယ်၊ မဂ္ဂဇင်းများ
    အားကစားဆိုင်ရာ ဆိုဒ်များ
    ကျန်းမာရေးဆိုင်ရာ
    ဘာသာရပ်ဆိုင်ရာ
    ထွေလီကာလီ